ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၃)ရပ်ကွက် ငါးမာန်အောင်ဓမ္မာရုံတွင် Population Service International (PSI) မှ တီဘီရောဂါ အခမဲ့စမ်းသပ်စစ်‌ဆေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၃)ရပ်ကွက် ငါးမာန်အောင်ဓမ္မာရုံတွင် Population Service International (PSI) မှ တီဘီရောဂါ အခမဲ့စမ်းသပ်စစ်‌ဆေးပေး



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရား၊ ငါးမာန်အောင်ဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီခွဲ ညနေ ၃ နာရီထိ  မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဒေါက်တာမြဖူးငုံဦး‌ဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ (PSI) တို့ပူးပေါင်း၍ TB  ရောဂါ တိုက်ဖျက်ရေးအတွက် ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းနှင့် ကျန်းမာရေးအခမဲ့စစ်‌ဆေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးစစ်ဆေးပေးမှုများအား မြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ(၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရား ငါးမာန်အောင်ဓမ္မာရုံ၊ နိုဝင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ(၃၆)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ(၄၈)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၊နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ(၅၀)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၃၈)ရပ်ကွက်၊ ၇/ ၈လမ်းဆုံရှိ မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့စမ်းသပ် စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးစစ်ဆေးပေးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အထောက်အကူပြု အဖွဲ့ဝင်များမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)