ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနှစ်ခွန်း မှာ RFA သတင်းဌာနက ဖန်တီးရေးသား ဖော်ပြခြင်းဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနှစ်ခွန်း မှာ RFA သတင်းဌာနက ဖန်တီးရေးသား ဖော်ပြခြင်းဖြစ်



MNP ၊ နိုဝင်ဘာ ၁၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား နှစ်ခွန်း ဆိုတဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ NLD အစွန်းရောက်တွေကြားမှာ ဂယက်ထခဲ့ပြီး ဒီစကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခြင်း မရှိဘဲ RFA သတင်းဌာနက ဖန်တီးရေးသားဖော်ပြတာလို့ ဆိုပါတယ်။


ပြည်ပြေး ဝရမ်းပြေး တစ်ယောက်ဖြစ်တဲ့ အကြမ်းဖက်လှုံ့ဆော်သူ ပန်ဆယ်လို က သူစုံစမ်းသိရှိရသလောက် ဒီစကားတွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ခြင်းမရှိကြောင်း၊ ဘယ်သူက သူ့ကို ပြောတယ်ဆိုတာကို လုံခြုံရေးအရ ပြော၍ မရကြောင်း ရှင်းလင်း ပြောဆိုထားပါတယ်။


RFA သတင်းဌာန က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား နှစ်ခွန်း လို့ ခေါင်းစဉ်တပ်ပြီး "NLD ဗဟိုကော်မတီဝင်တစ်ဦးက သူ့ရဲ့ကိုယ်ပိုင်သဘောထားတွေနဲ့ ရန်ကုန်ရုံးချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာတွေကို လူတစ်ဦးကတဆင့်ပေးပို့ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က နောက်ကို အဲဒီလိုပေးပို့တာတွေကို ယူဆောင်မလာဖို့လည်း တားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်စေ ဗဟိုကော်မတီဝင်ဖြစ်စေ တစ်ဦးချင်းရဲ့ သဘောထားအမြင် ပြောဆိုချက်တွေကို လက်ခံနားထောင်လိုခြင်းမရှိဘဲ စကားသယ်ဆောင်လာသူတွေကိုလည်း နောက်ကို အဲဒီလို စကားတွေ သယ်မလာဖို့နဲ့ ပေးတဲ့စာတွေကိုလည်း လက်မခံဖို့ တားမြစ်လိုက်တယ်လို့  RFA က စုံစမ်းသိရပါတယ်။ နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေကြတဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူ့ရဲ့သားဖြစ်သူ ကိုထိန်လင်းကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ သက်ဆိုင်သူတွေကို ပြောလိုက်တယ်လို့ သိရပါတယ်။  ဒီလိုပြောဆိုတာဟာ သူ့ရဲ့ သားအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို သေချာမသိဘဲ ဝင်ရောက်ပြောဆိုလုပ်ကိုင်မိမှာကို စိုးရိမ်နေသလို သူ့သားကို လူတချို့ရဲ့ အသုံးချခံမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားနေပုံရတယ်လို့ အကဲခတ်တွေက ပြောပါတယ်။" လို့ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။


NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလိမ် မဲခိုးမှုများကြောင့် ဖမ်းဆီးခံရပြီး အဂတိလိုက်စားမှုများနဲ့ တရားစွဲဆိုခံထားရစဉ် ကာလအတွင်းမှာ သူမ အသုံးငွေ လိုအပ်တဲ့ကြောင်း တစ်ကြိမ် ပြောခဲ့တာကလွဲပြီး တခြား ဘာမှ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ RFA ရဲ့ စကားနှစ်ခွန်း ဖန်တီးရေးသား ဖော်ပြမှုဟာလည်း ယုတ္တိမရှိကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။


နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေမှုတွေနဲ့ ပတ်သက်လို့လည်း တားမြစ်ပြောဆိုခြင်း မရှိတဲ့ ကာလမှာ RFA က ဒေါ်အောင်ဆန်းစုကြည် ပြောသော စကားနှစ်ခွန်း ကို ဖန်တီးရေးသား ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)