­မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွှေးမိုးစပါးစံကွက် စတင်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

­မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွှေးမိုးစပါးစံကွက် စတင်ရိတ်သိမ်း

 


MNP - နိုဝင်ဘာ   ၁၁


ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယမန်နေ့နံနက်(၉)နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီကောက်ညှင်းမွှေး မိုးစပါးစံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်က မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်များ၊ စံကွက်ရိတ်သိမ်းခြင်းနည်းစနစ်များနှင့် စံကွက်ရိတ်သိမ်းရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မျိုးသန့်ပွားမျိုးစေ့(RS)မှော်ဘီကောက်ညှင်းမွှေး မိုးစပါးစံပြစိုက်ခင်းများအား သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာလိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမှုကြောင့် ယခုနှစ်စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျှမ်းမျှအစိုတင်း(၁၀၃.၃၃)တင်း ထွက်ရှိကြောင်းသိရှိရပြီး အဆိုပါစံကွက်ရိတ်သိမ်းရာသို့မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများနှင့် စိုက်ပျိုးရေးဝန်ထမ်းများတို့ကဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် တောင်သူများတို့က လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)