တောင်သူ(၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်မှုလွယ်ကူမြန်ဆန်စေမည့် ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းနှင့် Slab Culvert (၂)စင်း တည်ဆောက်မှုလုပ်ငန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူ(၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်မှုလွယ်ကူမြန်ဆန်စေမည့် ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းနှင့် Slab Culvert (၂)စင်း တည်ဆောက်မှုလုပ်ငန်းပြီးစီး

 



MNP - နိုဝင်ဘာ  ၁၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူ (၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ မြန်ဆန်လွယ်ကူစေမည့် ကျေးလက်ကုန်ထုတ်လမ်းတစ်ခုဖြစ်သည့်၊ ညောင်ပင်သာ ကျေးရွာတွင်  အရှည် ၁ မိုင်၊ ၃.၃၆၄ ဖာလုံ နှင့် Slab Culvert (၂)စင်းပါဝင်သည့်၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်၍ တောင်သူများ ကုန်ထုတ်ထုပ်ငန်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်၊ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ရာ၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်း (၇၀.၄၉၀)သန်းဖြင့် ပုဂံနန်းတော်ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည့် ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ် လမ်းလုပ်ငန်းကို (၂၂-၆-၂၀၂၂)ရက်နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးလက်ကုန်ထုတ် မြေသားလမ်းမှာ အရှည် ၁ မိုင်၊ ၃.၃၆၄ ဖာလုံရှိ၍ မြေသား ၂ ပေထု တင်၍ ဆောင်ရွက်ခဲ့ပြီး၊ Slab Culvert (၂)စင်းပါဝင်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကျေးရွာလမ်းလေးဟာ အရင်ကတော့ လှည်းနွားနှင့်မော်တော်ဆိုင်ကယ်/ကား သွားလာဖို့အင်မတန်ခက်ခဲခဲ့ကြောင်း သိရပါတယ်…အခု လမ်းလေးဖောက်လုပ်ပြီးစီးတဲ့ အချိန်မှာတော့ ဒီလမ်းရဲ့ လမ်းဘေးဝဲ/ယာမှာရှိတဲ့ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပြောင်း အစရှိတဲ့ သီးနှံတွေကို နေ့ညမပြတ် လျှင်မြန်လွယ်ကူစွာ သယ်ယူပို့ဆောင် သွားနိုင်မှာဖြစ်တဲ့အပြင်၊ လမ်းဘေးဝဲ/ယာမှာရှိတဲ့ လယ်/ယာဧကပေါင်း ၅၂၀ ဧကနဲ့ စိုက်ပျိုးတောင်သူ ၄၄၃ ဦးကို အကျိုးပြုသွားနိုင်မှာ ဖြစ်ပါတယ်ဗျ…”ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း က ပြောကြားသည်။


အဆိုပါ ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းကို အမှီပြု၍ အနီးဝန်းကျင်ရှိ ကျေးရွာ(၈)ရွာ၊ အိမ်ခြေ(၈၅၄) အိမ်၊ လူဦးရေ ၄၂၄၅ ဦးတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်အကျိုးပြု သွားနိုင်မှာဖြစ်ကြောင်း တောင်သူ(၄၄၃)ဦးတို့၏ လယ်/ယာ ၅၂၀ ဧက၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုက်ရိုက် အကျိုးပြုသွားနိုင်မှာဖြစ်ကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)