မြောင်မြို့တွင် စားသုံးသူအခွင့်အရေး ဦးစားပေးအသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်မြို့တွင် စားသုံးသူအခွင့်အရေး ဦးစားပေးအသိပညာပေး Talk Show ဆောင်ရွက်



MNP - နိုဝင်ဘာ   ၁၃


စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စားသုံးသူ အခွင့်အရေးဦးစားပေး အသိပညာပေး ''Talk Show ဆွေးနွေးမှုကို ယမန်နေ့နံနက် (၁၁း၀၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဉီးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးအောင်လင်းက စားသုံးသူကာကွယ်ရေးဉပဒေအကြောင်း၊ စာသုံးသူ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူအခွင့်အရေး ဦးစားပေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်သူများဖြင့် ပူးပေါင်းကာ(TalkShow)ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း အစဉ်ဆက်မပြက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)