ကျိုင်းတုံမြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေး



MNP - နိုဝင်ဘာ   ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ကြက်ခြေနီအသင်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအကြောင်း၊ ကြက်ခြေနီသည် မြန်မာနိုင်ငံ၏ လူမှုဂရုဏာလုပ်ငန်းတွေကို ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်၏အရံအင်အားအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)