မြောက်ဦးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ



MNP - နိုဝင်ဘာ   ၅


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက ပြည်သူများ သိရှိနိုင်စေရန်အတွက် ကလေးအလုပ်သမားနှင့်သက်ဆိုင်သော အကြောင်းအရာ များကိုမေးမြန်းခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လင်းလင်းမော်မှ ကလေးအလုပ်သမားများဖြစ်ပေါ်လာရခြင်းမှာ မိသားစုအခြေအနေအရ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ပေါ်လာရခြင်း၊ ကလေးများကို မဖြစ်မနေခိုင်းစေရသောအခါ ကလေးအလုပ်သမားများ ဖြစ်ပေါ်လာရခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ကလေးငယ်များကို သူတို့အရွယ်နှင့်မတန် မိသားစုအခြေအနေအရ မိမိကိုယ်တိုင်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရသောကြောင့် ကလေးအလုပ်သမားများဖြစ်ပေါ်လာရခြင်း၊ ကလေးအလုပ်သမားများတို့သည် ကလေးဘဝ၊ ရှေ့ရေးအလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်မဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတို့ကို လုပ်ကိုင်နေရသူများဖြစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်အောင် ဥပဒေကပြဌာန်း ထားသည့်အချက်များကို လိုက်နာရန်လိုအပ်ခြင်း၊ ကလေးများကို အသက်(၁၄) နှစ်ပြည့်ပြီး (၁၆) နှစ်မပြည့်သေးသော လူငယ်များကို ည (၆)နာရီမှ နံနက် (၆) နာရီအထိ အလုပ်လုပ်ရန် မခိုင်းသင့်ပါကြောင်း အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများကို လုပ်ငန်းခွင်များမှဖယ်ရှားပြီး သူ့တို့အတွက် ပိုမိုကောင်းမွန်သောအလုပ်များကို လုပ်ကိုင်ခွင့်ပေးလျှင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်လာနိုင်မည်ဖြစ်ကြောင်း ကလေးများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော လူသားစွမ်းအင်အရင်းအမြစ်များဖြစ်ပြီး ကလေးများကို အချိန်မတန်အရွယ်မရောက်ခင် ကလေးအလုပ်သမားများ ဖြစ်မသွားအောင် ကလေးတိုင်း၏ အုပ်ထိန်းသူမိဘများ၊ အလုပ်ရှင်များနှင့် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)