စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်



MNP - နိုဝင်ဘာ  ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃-(ပြ)ဒေါ်ခိုင်ခိုင်မြင့်အား စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းနှင့် ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေသည် မြန်မာပြည်သူပြည်သားများ တက္ကသိုလ်ပညာသင်ကြားနိုင်ရေး ကန့်သတ်ပိတ်ပင်သည့် ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား(၁၁)ဦးနှင့် ယူနီဗာစီတီဥပဒေကိုဆန့်ကျင် သပိတ်မှောက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်) နေ့ကို  တစ်နိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ် အစဉ်ကိန်းအောင်းနေခြင်းငှာ နှစ်စဉ်နှစ်တိုင်းနိုင်ငံနှင့်အဝန်း အမျိုးသားနေ့အဖြစ်သတ်မှတ်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ ခြိမ့်ခြိမ့်သဲသဲကျင်းပလာခဲ့ကြရာ ယခုဆိုလျှင်(၁၀၂)နှစ် သို့ပင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဆွေးနွေးပြေကြားခဲ့ကြသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)