ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ဆောင်ရွက်



MNP - နိုဝင်ဘာ   ၅


မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ-၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွား ရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်အပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) အား ယမန်နေ့ညနေ (၁၅)နာရီခွဲ အချိန်က မြို့နယ်ဦးစီးမှူးရုံး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေအတွက် ယခုလို Talk Show ရိုက်ကူးပြီး Onlineမှ တစ်ဆင့် ပြန်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မင်းက မိဘပြည်သူများအနေဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ ပျက်စီး)မိတ္တူ လျှောက်ထားရာတွင်လည်းကောင်း စသည်တို့ကိုပြုလုပ်ရာတွင် လိုအပ်သည့်စာရွက် စာတမ်းများနှင့် မိဘပြည်သူများတွင် မှတ်ပုံတင်နှစ်ခုနှင့် အိမ်ထောင်စုစာရင်းနှစ်ခုဖြစ်နေပါက မြို့နယ်(လ.ဝ.က)ရုံးသို့ (၁၅-၁၁-၂၀၂၂)ရက်နေ့တွင် နောက်ဆုံးထားလာရောက်အပ်နှံပေးကြရန်နှင့် (၁၅-၁၁-၂၀၂၂)ရက်နေ့နောက်ပိုင်း လာရောက် အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ပေးထားသည့် နေရပ်လိပ်စာနှင့် အိမ်ထောင်စုစာရင်းများကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ ကြောင်းနှင့် အဆိုပါမိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ပါ အကြောင်းအရာများကို ဒေါ်ခင်နှင်းအေးက ကိုးကန့်ဘာသာဖြင့် ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် Talk Show ရိုက်ကူးထားသည့် အစီအစဉ်အား We Love Laukkaing page နှင့် လောက်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)