စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်


MNP ၊  နိုဝင်ဘာ    ၂၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများဖြစ်သော စားကျက်ကြီးကျေးရွာနှင့် ဆည်သည်(တောင်)ကျေးရွာတို့တွင် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စားကျက်ကြီးကျေးရွာရှိ ရတနာဘုန်းမြင့် ဓမ္မာရုံတွင် (၂၂-၁၁-၂၀၂၂) ရက်နေ့က လည်းကောင်း၊ ဆည်သည်(တောင်)ကျေးရွာရှိ ဝိပဿနာကျောင်းတိုက်ဓမ္မာရုံတွင် (၂၃-၁၁-၂၀၂၂) ရက်နေ့က လည်းကောင်း၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျေးရွာစိတ်ဓာတ် (Village-Spirit ) အချက် (၅)ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းသား/သူ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။ 


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)