ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်း မကြာမီပြီးစီးတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်း မကြာမီပြီးစီးတော့မည်

 


MNP - နိုဝင်ဘာ   ၄


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)တွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလဆန်းပိုင်းက လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် (VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီထောက်ပံ့၍ ကျေးရွာများမှ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ကျေးရွာပြည်သူများကိုယ်တိုင် ဦးဆောင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရကာ ယခုအခါ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မကြာမီအချိန်တွင်လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြားသည်။


ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခွင့်ရရှိသည့်ကျေးရွာများမှာ ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၊ မင်းလှကျေးရွာ၊ ရွာထောင်ကျေးရွာ၊ ဇောင်းချမ်းကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပန်းတုံလေးကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ နှောကျင်းကျေးရွာ၊ ဖလံတောကျေးရွာ၊ ညောင်ခြုံကျေးရွာ၊ ပန်းတုံးကြီးကျေးရွာနှင့် ညောင်လှကျေးရွာတို့ဖြစ်ပြီး ကျေးရွာအလိုက် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ စုပေါင်းပြီးကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပြီးစီးပါက စီမံကိန်းဝင်ကျေးရွာ(၁၂)ရွာရှိ အိမ်ခြေ ၂၁၀၈ အိမ်၊ လူဦးရေ ၇၀၀၀ ခန့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း လွယ်လင့်တကူသယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)