ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် ပရဟိတအဖွဲ့များအား Volunteer စိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် ပရဟိတအဖွဲ့များအား Volunteer စိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ  ၃


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် ပရဟိတအဖွဲ့များကို တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ Volunteer စိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ(တတိယလှိုင်း)ဖြစ်ပွားချိန် အစစပူးပေါင်းကူညီပေးသော စေတနာရှင်ပရဟိတအဖွဲများကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Volunteer စိစစ်ရေးကဒ်ပြားဖြင့် အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပရဟိတအဖွဲ့အစည်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားစဉ်ကာလအတွင်း ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွင် တတ်ညီလက်ညီ ပူးပေါင်းပါဝင် ပေးခဲ့ကြခြင်းအပေါ် လေးစားဂုဏ်ယူပါကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်ကပ်ရောဂါ ကျရောက်ချိန်တွင် ကိုယ်ကျိုးစွန့် အများအကျိုး အနစ်နာခံ ကူညီသော‌ စေတနာရှင် ပရဟိတအဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားပြီးနောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်သီတာဦးက Volunteer စိစစ်ရေးကဒ် ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။


ထိုနောက် ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် (Volunteer) ပရဟိတအဖွဲ့ (၁၁)ဖွဲ့အား Volunteer စိစစ်ရေးကဒ်များကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်သီတာဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် (Volunteer) အဖွဲ့ဝင်များ တတ်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)