လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်လေ့လာ


MNP ၊ နိုဝင်ဘာ   ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေး ခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်း၊ ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင်  မော်စကိုမြို့ အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက် လေ့လာကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Zagorskaya PSPP ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ  သက်ဆိုင် ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် စက်ရုံအတွင်းရှိ Water Intake၊ Observation deck တို့အား လည်းကောင်း၊ ၅၀၀ကေဗွီ Switchyard တို့အားလည်းကောင်း၊ ဓာတ်အားပေးစက်ရုံ ထိန်းသိမ်းမောင်းနှင် နေသည့် ဝန်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Main Control Panel တို့အား လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။


ယင်းနောက် စက်ရုံအစည်းဝေးခန်းမတွင် RusHydro Group နှင့် Zagorskaya PSPP တို့နှင့်ပါတ်သက်၍ PJSC RusHydro, International Cooperation Dapartment အကြီးအကဲဖြစ်သူ Mr. Artem Sokhikyan နှင့် Zagorskaya PSPP ၏ Director Mr. Victor Zhiznevskiy တို့က  ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့နွေးထွေးစွာ ကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာဖြင့် လျှစ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်း ဆောင်ရွက် လိုပါကြောင်း၊ လက်ရှိဆောင်ရွက်နေသော 1200 MW Pump Storage ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ လည်ပါတ်နေမှုကို လေ့လာတွေ့ရှိရသဖြင့် မိမိနိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆွေတော်တို့ ကုမ္ပဏီများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ မိမိတို့အပေါ်တွင် အလေး နက်ထား၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသဖြင့် အထူဝမ်းမြောက်မိပါကြောင်း ၊ ပြောကြားပြီး စက်ရုံနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြီး မေးမြန်းကြသည်။


မြန်မာနိုင်ငံရှိ ရေအားအရင်းအမြစ်များအား လေ့လာရန် လိုအပ်သည့် နည်းပညာ အကူညီပေးရန်  RusHydro Group မှ ပညာရှင်များပါဝင်သည့် အဖွဲ့  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လာရောက်လေ့လာ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးသိရှိရသည်။


အဆိုပါ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မော်စကိုမြို့ အနီးတွင် တည်ရှိပြီး ကုညာမြစ်အား ရေတံခါးထိန်းကိရိယာများဖြင့် အဖွင့်အပိတ် ဆောင်ရွက်၍ ရေထိန်းဧရိယာ 22. 4 Million Cubic Meter (၁၈၁၆၀ ဧကပေ) ရှိကာ 1200 MW ကို နေ့စဉ်အမြင့်ဆုံး သုံးစွဲသည့်အချိန် ၄ နာရီခွဲခန့် မောင်းနှင်၍ ညအချိန်တွင် နေ့ပိုင်းတွင် သုံးစွဲလည်ပတ်မောင်းနှင်ထားသော ရေများကို Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန်အတွင်းသို့ပြန်လည် မောင်းနှင်၍ အကျိုးရှိစွာဖြင့် အသုံးချ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် ထပ်မံ၍လည်း 800 MW  အားတိုးချဲ့ ဆောင်ရွက်လျက်ရှိပြီး မော်စကိုမြို့၏ အဓိက သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ပေးနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)