ကလိန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (191) စတေကာကပ်နှိပ်ခြင်းနှင့်မီး‌ဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (191) စတေကာကပ်နှိပ်ခြင်းနှင့်မီး‌ဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ






MNP  -  ဒီဇင်ဘာ ၂၁

          ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့်ဌာနဆိုင်ရာများ၊ကလိန်အောင်နယ်မြေစခန်းမှ ဒု-ဦးစီးမှူးဦးကျော်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီအချိန်က မြို့မ‌‌ဈေးနှင့်လူစည်ကားရာနေရာများ၊ ကား၊ဆိုက်ကယ်များတွင်(191)စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေးလက်လမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြောင်းသိရသည်။

        အဆိုပါ လက်ကမ်းစာစောင်တွင်မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ် (၃)လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့် သဘာဝ‌ဘေးအန္တရာယ်ကြုံ‌တွေ့လျှင်ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်၊မီးသားစုအားလုံး အပြင်သွားမည်ဆိုလျှင်၊ ဘုရားမီး၊ အမွှေးတိုင်မီးပူဇော်လျှင်၊အထပ်မြင့်တိုက်များမီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်ရှောင်ရန်များနှင့် မိမိနေအိမ်တွင်မီးဘေးအန္တရာယ်ကင်း‌ဝေးစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့်မီးဘေးလုံခြုံရေးပညာ‌ပေးလက်ကမ်းစာစောင်များကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးဦးအောင်နိုင်နှင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ခင်ခင်လဲ့

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)