3rd ASEAN Foundation Interactive Alumni Townhall သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

3rd ASEAN Foundation Interactive Alumni Townhall သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် အမှာစကားပြောကြား






MNP ၊ ဒီဇင်ဘာ ၂၂

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ၁၉-၁၂-၂၀၂၂ ရက်နေ့၌ ကျင်းပပြုလုပ်သည့် 3rd ASEAN Foundation Interactive Alumni Townhall သို့ ASEAN Foundation ၏ Board of Trustee အဖွဲ့ဝင်အဖြစ်တက်ရောက်အမှာစကားပြောကြားခဲ့သည်။


မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစီအစဉ်တွင် Alumni များအနေဖြင့် ဒေသတွင်း သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များမှ အတွေ့အကြုံများမျှဝေနိုင် သည်သာမက လူမှုဆက်ဆံရေး ကွန်ယက် ဖြန့်ကျက်နိုင်သည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခု အစီအစဉ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ Alumni များ သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင်သာမက အွန်လိုင်းမှလည်း အမြောက်အမြားတက်ရောက်ကြသည်ကို အားတက်ဖွယ်တွေ့မြင်ရပါကြောင်း၊ မိမိအနေဖြင့် Alumni များကို ASEAN Foundation နှင့် ဆက်ဆံရေး မြှင့်တင်ဆောင်ရွက်စေလိုသည့်အပြင် Alumni များ၏ ဘာသာရပ်ဆိုင်ရာ လေ့လာမှုလမ်းကြောင်းကို အထောက်အကူပြုရန်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုအရည်အသွေးကို မြှင့်တင်၍ ASEAN Awareness and Identity ကို မြှင့်တင်ရန်ဆိုသည့် ASEAN Foundation ၏ ပင်မ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်း ပြောကြားလို ပါကြောင်းနှင့် ၂၅ နှစ်တာကာလအတွင်းတွင် ASEAN Foundation သည် လူငယ်များ၏ လူမှုဘဝကို အထောက်အကူပြုနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။  


ဆက်လက်၍ ASEAN Foundation နှင့် Huawei တို့အကြား ချုပ်ဆိုသည့် ASEAN Market Access Programme နှင့် Cloud System နားလည်မှုစာချွန်လွှာနှင့် ASEAN Foundation နှင့် ASEAN-China Cooperation Fund (ACCF) တို့အကြား ချုပ်ဆိုသည့် Second ASEAN-China Internship Programme နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည့် အခမ်းအနားသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် နှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Satvinder Singh တို့မှ တက်ရောက်ခဲ့ကြသည်။


3rd ASEAN Foundation Interactive Alumni Townhall တွင် Board of Trustees Session၊ Alumni Sharing Session နှင့် Expert Sharing Session ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် ဆွေးနွေးပြောကြားသူများမှ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)