လမ်းဘေးရောက်သွားရတဲ့ A4 ကျော်စွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းဘေးရောက်သွားရတဲ့ A4 ကျော်စွာ





Rapper လေးတစ်ယောက်ဖြစ်တဲ့ A4 ကျော်စွာ ရဲ့ လက်တလော အခြေအနေ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတာ မြင်ရက်စရာ မရှိပါဘူး။ တချို့သော စာမျက်နှာတွေမှာ A4 ကျော်စွာရဲ့ အဖြစ်ကို ဇာတ်နာအောင် ဖော်ပြထားကြတာ တွေ့ရပါတယ်။ "လမ်ဘေးမှာနေရလို့ ကျန်းမာရေးထိခိုက်နေချိန်မှာ ခွေးတစ်ကောင်စာလောက်နေရာလေးပဲဖြစ်ဖြစ်လိုချင်ကြောင်းပြောလာတဲ့ A4ကျော်စွာ" က ပြောတဲ့ အကြောင်းနဲ့ တင်ပြလာကြပါတယ်။


A4 ကျော်စွာ လို့ ဖြစ်လာခြင်းနဲ့ ကောင်းစားခဲ့တဲ့ တခဏ မှတ်တမ်းလေးကို အမှတ်ရနေမိပါသေးတယ်။ နာမည်ကျော် အဆိုတော်များဖြစ်တဲ့ ယုံလေး တို့ အဖွဲ့ က ကိုဗစ်-၁၉ ကာလမှာ Rap Challenge အနေနဲ့ အွန်လိုင်းကနေ လုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ လူမသိ သူမသိ Rap ကို ရူးသွပ်နေကြတဲ့ လူငယ်လေးတွေလည်း ပါဝင်လာကြပါတယ်။

သူတို့ရဲ့ ဘဝအခြေအနေနဲ့ ထင်ဟပ်ပြီး Rap ရွတ်ဆိုတာလေးတွေ လိုင်းပေါ်တက်လာတယ်။ အဲဒီနောက်မှာ အဆိုတော် ယုံလေး က A4 ကျော်စွာ နဲ့ မန္တလေး က လူငယ်လေးတစ်ယောက်ကို ပေးကမ်းထောက်ပံ့ စောင့်ရှောက်ပြီး မြေတောင်မြှောက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။


A4 ကျော်စွာ ရယ်လို့ လူမသိခင်က ရေသန့်ဗူးပို့တဲ့ လူငယ်တစ်ယောက်ပါ။ နေထိုင်စရာ မရှိလို့ ယုံလေးက အိမ်ခန်းငှားပြီး ထားပေးပါတယ်။ သူတို့ရဲ့ ရူးသွပ်မှုနဲ့ သူတို့ရဲ့ အစွမ်းကို တခဏတာ ပြသခဲ့ကြပါတယ်။


NLD အစွန်းရောက်တွေ က ဆူပူအကြမ်းဖက်မှုတွေ လှုံ့ဆော်တဲ့ ကာလရောက်လာတော့ ဗဟန်းမြို့နယ်ထဲက ဆူပူအကြမ်းဖက်မှုတွေမှာ A4 ကျော်စွာ ပါနေတာကို တွေ့ရတယ်။ အဲဒီနောက် ယုံလေး ရိုက်တဲ့ ရုပ်ရှင်ကားကို နီပိန်းတွေက ပြဿနာရှာလို့ ပြဿနာတက်နေချိန်လည်း ဖြစ်ပါတယ်။ A4 ကျော်စွာ ကတော့ နီပိန်းတွေရဲ့ လှုံ့ဆော်မှုနဲ့ ဗဟန်းမြို့နယ်အတွင်းမှာ ဆူပူအကြမ်းဖက်ခေါင်းဆောင် အဖြစ် လှုပ်ရှားလာပါတယ်။ ဘုန်းကြီးကျောင်းကို ခဲနဲ့ ဝိုင်းထုတဲ့ အထဲမှာ A4 ကျော်စွာ ပါနေပါတယ်။ အဲဒီနောက် ယုံလေးနဲ့ တွဲသွား တွဲလာ မမြင်ရတော့ပါဘူး။ 


အခု တဖန် ပြန်လည်မြင်တွေ့လိုက်ရတဲ့ A4ကျော်စွာ ရဲ့ အခြေအနေကတော့ ယုံလေး ပံ့ပိုးပေးထားစဉ်က အခြေအနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ပြလို့ မရတော့တဲ့ အခြေအနေမျိုး လမ်းဘေးပြန်ရောက်ပြီး ဆိုးရွားလွန်းတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။

လူငယ်တွေဟာ စိတ်လိုလက်ရ လုပ်တတ်ကြပါတယ်။ လူငယ်တွေကို အသုံးချပြီး ဖျက်ဆီးမယ့် အင်အားစုကြီးကလည်း ကြီးမားပါပေတယ်။ A4 ကျော်စွာဟာ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုနောက် ဆက်ပါနေမယ်ဆိုရင် အကြမ်းဖက်သမားအဖြစ်နဲ့ မြင်တွေ့ရမှာပါ။ အခုတော့ လမ်းဘေးရောက်သွားတဲ့ အခြေအနေမျိုးပါ။


အမှန်နဲ့ အမှားကို စဉ်းစားချင့်ချိန်နိုင်စွမ်း နည်းတဲ့အရွယ်မှာ လမ်းမှားကို လိုက်ခဲ့မိသူတစ်ဦးရဲ့ ကိုယ်တွေ့ သင်ခန်းစာပါပဲ။ တက်လမ်းရှိတဲ့ လူငယ်တစ်ယောက်ဟာ နိုင်ငံရေးအစွန်းရောက်တွေရဲ့ အသုံးချခံ ဘဝနဲ့ လမ်းဘေးကို ပြန်ရောက်သွားရတာ စိတ်မကောင်းစရာပါပဲ။


https://t.me/MyanmarNationalPost


(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)