ရခိုင်ပြည်နယ် မောင်တောမြို့တွင် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးသင်တန်းဖွင့်‌လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးသင်တန်းဖွင့်‌လှစ်





MNP -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊မြို့နယ်လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သီရိမင်္ဂလာခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက် ဆိုင် စစ်ဆေးခြင်းလုပ်ငန်း အကောင် အထည် ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ် ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန် သော စာရင်း ရရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းလမ်း ညွှန် ချက် များ၊ လူဦးရေစာရင်း မြေပြင် ကွင်းဆင်း ကောက် ယူရေးလုပ်ငန်းများ နှင့် သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ် များအား စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်းစသည့်တိုကို ပြောကြားခဲ့သည်။ 


ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မောင်တောခရိုင်ဦးစီးမှူး  ဦးထွန်းလှဇံက လူဦးရေစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


အခမ်းအနားသို့ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦး ကံထွန်း‌အောင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊  လူဝင်မှုကြီးကြပ်ရေး နှင့် ပြည် သူ့ အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများ ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်/ကျေး စာရေး များ နှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြသည်။အဆိုပါသင်တန်းတွင် သင်တန်းသား/သူ ၁၁၇ ဦး တက်ရောက် သင်ယူ လျက်ရှိပြီး သင်တန်းကာလမှာ ၂ ရက်ကြာပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။


သင်တန်းကိုပို့ချေပေးပြီးပါက မြို့နယ် အ တွင်း လူဦးရေ စာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စု လူဦး ရေ စာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို  ခရိုင်ဦးစီးကော်မတီမှ ကြီးကြပ်၍ မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်ကျေးရွာအုပ်စု ကြီး ကြပ် မှု ကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ကောက်အဖွဲ့များက တစ်အိမ်တက် ၊တစ်အိမ်ဆင်း ကွင်း ဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)