နတ်မောက်မြို့ တမာပင်ရပ်ကွက်တွင်ကောက်ရိုးမှို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ တမာပင်ရပ်ကွက်တွင်ကောက်ရိုးမှို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ




MNP   -   ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကောက်ရိုးမှိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ် နေရေးအဆင်ပြေလျက်ရှိကြောင်း တမာပင်ရပ်ကွက်နေ ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

“ကျွန်တော်ကတော့ မှိုစိုက်ပျိုးရောင်းချသူပါ၊ မှိုစိုက်ပျိုးရောင်းချမယ်ဆိုရင် အလျား ၁၀ ပေ အနံ ၃ပေခွဲရှိတဲ့မြေဘောင်ပြုလုပ်ပြီး သဘာ၀မြေဩဇာနွားချေး၊ ကတ်ထူစက္ကူနှင့် ချမစားအောင် ချဆေးများကို အသုံးပြုရ ပါတယ်၊ ကျွန်တော်ကတော့ ပျိုးဘောင် ၆ဘောင်ပြုလုပ်ထားသည့်အတွက် နွားချေး ၁၃ တင်းနှင့် ကတ်ထူ စက္ကူ ၁၀ ပိဿာကုန်ပါတယ်၊ မှိုမျိုးစေ့ကိုတော့ တစ်ဘောင်ကို ငါးထုပ်နှုန်းထည့်စိုက်ပျိုးထားပါတယ်၊ စိုက်ပျိုး ထား တဲ့မှိုများကို ဝါး၊ ပလပ်စတစ်၊ ဖျာကြမ်းများဖြင့် ပြုလုပ်ထားတဲ့ အုပ်စောင်းနဲ့ အုပ်မိုးထားပေးရပါတယ်၊  (၅)ရက်အထိ မှိုကျင်းကို မလပ်ရပါဘူး၊ ရေကိုပုံမှန်လောင်းပေးရပါတယ်၊ (၁၂)ရက်သားကျော်ရင် ရောင်းတန်း ဝင်မှိုပွင့်များ ရရှိပြီဖြစ်ပါတယ်၊ မှိုကျင်းတစ်ဘောင်ကို ကုန်ကျငွေ (၁၆၂၅၀)ကျပ်ဖြစ်ပြီး မှိုကျင်းတစ်ဘောင် လျှင်မှို(၆)ပိဿာမှ (၁၀)ပိဿာအထိ ထွက်ပါတယ်၊ ထွက်ရှိလာတဲ့မှိုများကိုတော့ မြို့မစျေးကို မှို(၁)ပိဿာ လက်ကားစျေး (၆၀၀၀)ကျပ်ရောင်းရပြီး လက်လီကိုတော့(၈၀၀၀)ကျပ် ရောင်းရပါတယ်၊ အရင်းနည်းပြီး စိုက်ပျိုးကာလတိုတောင်းသည့်အတွက် မိသားစုတိုင်းမှိုစိုက်ပျိုး ခြင်းလုပ်ငန်း လုပ်သင့်ပါတယ်ဟု” မှိုစိုက်ပျိုး ရောင်းချသူ တစ်ဦးကပြောသည်။

လှဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)