မြောက်ဥက္ကလာပမြို့နယ်၌ ဒီဇင်ဘာလ ပထမပတ် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ဒီဇင်ဘာလ ပထမပတ် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ



MNP - ဒီဇင်ဘာ ၄


“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသည့် ကျန်းမာရေးဆောင်ပုဒ်နှင့်အညီ ပြည်သူများကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်၊၊


အဆိုပါလမ်းလျှောက်ပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်မှူးများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် စုရပ်ပြုလုပ်ပြီး အဝိုင်းကြီးပန်းခြံအထိ တက်ကြွစွာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မြမြဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)