မင်္ဂလာဒုံမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ဒုတိယအကြိမ်)မြောက် မြန်မာ့နွားသိုးအလှပြိုင်ပွဲနှင့်သိုး၊ ဆိတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ဒုတိယအကြိမ်)မြောက် မြန်မာ့နွားသိုးအလှပြိုင်ပွဲနှင့်သိုး၊ ဆိတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ





MNP  - ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအတွင်းရှိ ပျဉ်းမပင်ခြံဝန်းအတွင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွား၊ သိုးအလှနှင့်ဆိတ်အလှပြိုင်ပွဲများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (ဒုတိယအကြိမ်)မြောက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြပွဲ၊ ပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ သဃံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌဦးကောင်းညွန့်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် အခမ်းအနားသို့တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြိုင်ပွဲဝင်နွားအလှပိုင်ရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပြောကြားပြီးနောက် ယခုလိုပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် အရည်အသွေးကောင်းမွန်ပြီး ထုတ်လုပ်မှုကောင်းမွန်တဲ့ ဒေသနွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများဖော်ထုတ်နိုင်ရန်၊ မွေးမြူရေးသမားအချင်းချင်း နည်းပညာများအပြန်အလှန် ဖလှယ်နိုင်သည့်အပြင် ပြိုင်ပွဲဝင်တိရစ္ဆာန်များရဲ့ အမူအကျင့်တို့ကိုလေ့လာနိုင်ရန်၊ မိမိတို့တိရစ္ဆာန်များကို သေချာစနစ်တကျမွေးမြူထားခြင်းရဲ့ အကျိုးကျေးဇူးရရှိနိုင်ရန် ရည်ရွယ်ပါကြောင်းပြောကြားခဲ့သည်။


ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၁၅)မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့နံနက် (၉)နာရီအချိန်တွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြတ်မွန်ခင်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)