မြောက်ဦးမြို့နယ် ပေါင်းတုတ်အုပ်စု ဗလောင်တောကျေးရွာ၌ မီးလောင်မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ် ပေါင်းတုတ်အုပ်စု ဗလောင်တောကျေးရွာ၌ မီးလောင်မှုဖြစ်




MNP  -  ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်အုပ်စု ဗလောင်တောကျေးရွာ၌ ၃၀-၁၂-၂၀၂၂ရက်နေ့ ညနေ ၈း၃၀ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်အုပ်စု၊ ဗလောင်တောကျေးရွာနေ ဦးစူနာရ်နေအိမ်တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှ အနီးရှိဝါးထရံကာသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးနားရှိ ဒေါ်နော်နဟားနေအိမ်၊ ဦးအာကျူနီနေအိမ်၊ ဒေါ်တော်ယူဖာနေအိမ်နှင့် ဒေါ်စာဇီသာ နေအိမ်တို့အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ 


အဆိုပါမီးလောင်ရာ နေရာသို့ မြောက်ဦးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့်အတူ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြောင်းဘွေနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး စုစုပေါင်း (၁၆)ဦးတို့ သည် မီးငွှိမျးသတျခဲ့ရာ ၉း၃၀ နာရီအချိန်တွင် မီးငြှိမ်းသွားပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။


ထိုသို့မီးလောင်မှုကြောင်း မီးဘေးသင့်ပြည်သူ ကျား(၂)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၀)ဦးတို့အား နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ယာယီနေထိုင်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။ 


မြင့်စိုး၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)