မြောက်ဦးမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန် လူငယ်စကားဝိုင်းကျင်းပ





MNP -   ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန်အတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အောင်တပ်ရပ်ကွက် (အ.ထ.က-၂ ) ကျောင်း ဂေါ်သဇင်အဆောင် စာသင်ခန်းမ၌ ယနေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-၂  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး  ဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ မှ လူငယ်စကားဝိုင်း ကျင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြား ရာတွင် ကျောင်းသူ၊ကျောင်းသားများ အသိဥာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေ ရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံ တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့ အကြုံ အသစ်များ ရရှိစေရန် စသောအကြောင်းအရာများကို ပြောကြားခဲ့သည်။


ထို့နောက် (အ.ထ.က-၂) Grade-10 မှ မောင်ထက်အောင်ခန့် က စာပေနှင့်လူငယ် ၊ Grade -10 မောင်နေပိုင်စိုး မှလည်း စည်းကမ်းနှင့်လူ့တန်းဖိုး ၊ Grade-10 မဌေးဝေမြင့် က လူငယ်နှင့်စာဖတ်ခြင်း ၊ Grade-10 မှ မစေမွန် ကလည်း စည်းကမ်းရှိဖို့အဓိက  ခေါင်းစဉ္များ ဖြင့်ဆွေးနွေးခဲ့ကြသည်။


ယင်းနောက်တက်ရောက်လာကြသောကျောင်းသူ၊ကျောင်းသားများကလည်း မိမိတို့သိရှိလို သည့် အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်း လင်းပြောကြားခဲ့ပြီး ထိုအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသား များကို ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၅) နှစ်မြောက်စိန် ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)