မာန်အောင်မြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ




MNP ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်၉နာရီ က အ-ထ-က မာန်အောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် မာန်အောင်မြို့နယ် အတွင်းရှိ အခြေ ခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြရာ  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ကျောင်းသား/သူ(၁၈)  ဦးက "ရခိုင်ပြည်နယ်သာယာဖို့ ဒို့တွေအားလုံးကြိုးပမ်းစို့"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၁၀)ဦးက "ရခိုင်ပြည်နယ်တိုးတက်ရေးနှင့် လူငယ့်တာဝန်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်ကျောင်းသား/သူ (၁၃)ဦးက "သာစွဌာနေရခိုင်ပြည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၁၂)ဦးက"ပညာရေးဖြင့် ခေတ်မီတိုးတက်နေသောရခိုင်ပြည်နယ်ကြီးကိုတည်ဆောက်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား/သူများအား၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)