မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေး စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေး စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး


MNP  -   ဒီဇင်ဘာ   ၂၁

မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ပညာရေးဒီဂရီ‌ကောလိပ်နှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက်သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်ကျောင်းသို့  သုတရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ ရသစာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးရာ စိတ်ပါ၀င်စားစွာ ဖတ်ရှူလေ့လာခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းများ အစိုးရဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းများရှိ ကျောင်းသား/သူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့်ပြင်ပဗဟုသုတများတိုးပွားလာစေရေး စိတ်ဓာတ်ခွန်အားဖြစ်စေသောစာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို   ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များမြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှစာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများဖြစ်လာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)