(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်




MNP  - ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီ(၂)ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


အားကစားပြိုင်ပွဲများအဖြစ် မီနီမာရသွန်ပြိုင်ပွဲ(အလွတ်တန်း)၊ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပြိုင်ပွဲ များနှင့်အခြားပြိုင်ပွဲများကို မြို့မအားကစားကွင်းအတွင်းကျင်းပသွား မည်ဖြစ်သည့်အပြင် ရပ်ကွက်များအတွင်း၌လည်း ပျော်ပွဲရွှင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


မီနီမာရသွန်ပြိုင်ပွဲတွင် စတင်တာလွှတ်မည့်နေရာမှာ ရန်မျိုးချောင်းတံတား မှ ဖြစ်ပြီး ပန်းဝင် ရမည့်နေရာမှာ မြို့မအားကစားကွင်းရှေ့ ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဇန်နဝါရီ လ(၃)ရက်နေ့နံနက်(၅)နာရီအရောက် မြို့မအားကစားကွင်းအတွင်းလာရောက်ကြရန် ပြိုင်ပွဲများကျင်းပရေး ကော်မတီမှ နှိုးဆော်ထားကြောင်းသိရသည်။


တောင်ကုတ်မြို့နယ်တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကိုခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ ၏လမ်းညွှန်မှုဖြင့်  အားကစားပြိုင်ပွဲများနှင့်အခြားပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ရာ မြို့မအားကစားကွင်းအတွင်း အထူးစည်ကားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)