(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ် ပြိုင်ပွဲကျင်းပ





MNP - ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့နယ်ပညာရေးမှူးရုံး ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို မြောက်ဦးမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းမှ ကျောင်းသူ၊ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်လျှက် ရှိရာ အထက်တန်းအဆင့် မိုးသို့လွင့်ပျံလွတ်လပ်ရေးအသံခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ် တန်းအဆင့် လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲတွင် စိန်ရတု လွတ်လပ်ရေးနေ့မှသည် ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်လျှက်ရှိပြီး ထိုပြိုင်ပွဲတွင် ကျောင်သား ၁၅ဦး၊ ကျောင်းသူ ၁၂ဦးစုစုပေါင်း ၂၇ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင့် သိရသည်။


မြင့်စိုး၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)