လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများအား အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်လှစ်




MNP -  ဒီဇင်ဘာ    ၂၆

မွန်ပြည်နယ် သထုံမြို့နယ်တွင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှစီစဉ်ဖွင့်လှစ်သည့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများအား အိမ်တိုင်ရာရောက်မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြသည်။


အဆိုပါ သင်တန်းကို သထုံမြို့နယ်အတွင်းရှိ အခြေခံကျန်းမာ ရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေအရန်သားဖွား ဆရာမများနှင့် လူထုအခြေပြု စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ စုစုပေါင်း(၄၉) ဦးတို့ တက်ရောက်ကြပြီး ကျေးလက်ကျန်းမာရေးမှူးများ၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေး ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများ စုစုပေါင်းနည်းပြ(၄)ဦးတို့က (၅)ရက်ကြာ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)