သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သိန်း(၁၀၀) လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သိန်း(၁၀၀) လှူဒါန်း


MNP ၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များပူဇော် ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


သက်ကြီးစာပေပညာရှင်များပူဇော် ကန်တော့ပွဲအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အလှူငွေကျပ် သိန်း ၁ဝဝ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ငွေကျပ်သိန်း ၂ဝ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က သက်ကြီးစာပေပညာရှင် ၂၄၇ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သောင်း နှုန်းဖြင့် ငွေကျပ် ၂၄၇ဝဝဝဝ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းက ငွေကျပ် ၁၀ သိန်း၊ သတင်း ထောက်ကြီး လွတ်လပ်ရေး မော်ကွန်းဝင် (တ) ဆရာကြီးဦးထူးအားရည်စူး၍ ရဲဦးစီးအရာရှိချုပ်(ငြိမ်း) ဦးတင်ဝင်း-ဒေါ်နီနီ မိသားစုနှင့် ဦးအောင်စေသော်-ဒေါ်ဇာခြည်ဝင့်၊ သား-မောင်သာယာ စေသော်မိသားစုတို့က အလှူငွေကျပ် ငါးသိန်းစီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးနှင့် စာရေး ဆရာအကြီးကိုကို (ကသာ)မိသားစုတို့ကငွေကျပ်သုံးသိန်းစီ၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)-ဒေါ်ခင်အေးမူမိသားစုနှင့်ဒေါက်တာ နေဝင်း စိတ်ကျန်းမာရေး ဖောင်ဒေးရှင်း တို့က ငွေကျပ် နှစ်သိန်းစီ၊ စာရေးဆရာထင်လင်းကျော်၊ စာရေးဆရာမ မီမီကို (အလှရပ်ဝန်း) နှင့်ဒေါ်မေစန္ဒာ (မေဧပရယ်မိုး)တို့က ငွေကျပ် တစ်သိန်း စီ၊ ဦးဝင်းကြည် (ဖေသောရီ)မိသားစု၊ တေးသံရှင် နှင်းနှင်းထူးနှင့် ဟင်္သာတ မြို့နယ်စာရေး ဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဒေါ်တင်တင်လတ် (မလတ်-ကျောက်မဲ)ကငွေကျပ် သုံးသောင်း၊ဦးစံရှိန်(ဆရာကြီးရှိန်) မိသားစုက ငွေကျပ်တစ်သောင်း၊ သံအမတ်ကြီး ဦးမောင်မောင်စိုးတင့် (ငြိမ်း) မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုး ရေးအသင်းကငွေ ကျပ်၁၂၃ဝဝဝဝ တန်ဖိုးရှိ စာအုပ်များ၊ အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း(တက္ကသိုလ် စိုးယဉ်)-စာရေးဆရာမ (မလေးယဉ်) မိသားစုက ငွေကျပ် ၈၆၄၅၀ဝ တန်ဖိုးရှိ စာအုပ်များနှင့် ဆရာမကြီး ဒေါ်ကြည် ကြည်စိန် (သဘာဝနက္ခတ် ပညာ သင်တန်းကျောင်း)က ငွေကျပ် ၃၀၀၀၀ဝ တန်ဖိုးရှိ ပြက္ခဒိန်များ ပေးအပ်လှူဒါန်း ကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်) နှင့် တာဝန်ရှိသူများက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော် နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် (စနေနေ့)နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)