မြေပုံမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 







MNP -ဒီဇင်ဘာ ၁၈


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်(၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲကျော်အောင်က နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများအား အားပေးစကား ပြေကြားသည်။ မြေပုံမြို့နယ်အတွင်း ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်စခန်းများမှ အငူတိုက်ပွဲရှောင်စခန်း၌ အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၂၆၀)ဦး၊ ပေါက်တူးတောင်ကျေးရွာ (ဆွေမျိုးများနေအိမ်)ရှိ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၆)ဦး၊ စက်ခွေကျေးရွာ(ဆွေမျိုးများနေအိမ်)ရှိ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၇)ဦးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ (၅) သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၇၉)စုအတွက် ထောက်ပံ့ငွေကျပ်(၃၉၅)သိန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြောင်းရွှေ့စရိတ် အိမ်ထောင်စု(၁)စုလျှင် (၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၇၉)စုအတွက် (၇၉)သိန်းကျပ်၊ ဆန်ရိက္ခာ (၁)လစာဖိုး လူ(၁)ဦးလျှင် (၉ဝဝဝ)ကျပ်နှုန်းဖြင့် လူဦးရေ(၂၉၃)ဦးအတွက် (၂၆၃၇ဝဝဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၇၉)ပုံးနှင့် တာပေါ်လင်စ(၆x၁၈)ပေ (၇၉)ခုတို့အား ထောက်ပံ့ပေးသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - တင်ဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)