မအူပင်မြို့တွင်အရန်မီးသတ်တပ်ဖွဲ့ဝင်များအားလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင်အရန်မီးသတ်တပ်ဖွဲ့ဝင်များအားလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲကျင်းပ

 



MNP - ဒီဇင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပသည်။


အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီးမအူပင်ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးလောင်မှု ဖြစ်ပွားပါကမီးငြိမ်းသတ်ရာတွင်ကျွမ်းကျင်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် သိသင့်သည့်သင်ယူရမည့် လေ့ကျင့်ခန်းများအားစာတွေ့ လက်တွေ့သင်ကြားပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၂/၂၀၂၂တွင်မြို့နယ် အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅ဝ)ဦး တက်ရောက်ရာသင်တန်းကာလမှာ(၂၅)ရက်ဖြစ်ကြောင်းမြို့နယ် မီးသတ်ဦးစီးမှူးထံကသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)