ကျောက်ဆည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ


MNP -   ဒီဇင်ဘာ   ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန့်နေ့မွန်းလွဲ(၁)နာရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ဉာဏအား ဖွံ့ဖြိုးတိုးတက်စေရေး၊ လွတ်လပ်ရေးနေ့အကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်များရှင်သန်စေရန်အတွက် ပန်းချီပြိုင်ပွဲကျင်းပပြုရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမချောယဉ်မင်းက ပြိုင်ပွဲဝင်အမှတ်ပေးစည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား ဇန်နဝါရီလ(၄)ရက်နေ့ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)