မဟာအောင်မြေမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ


MNP -  ဒီဇင်ဘာ ၂၀

မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၃၈လမ်း၊ ၇၉x၈၀ လမ်းကြားရှိ ပန်းတိမ်ဝင်းဓမ္မာရုံ၌ အင်အား (၇၀) ဦးခန့်ဖြင့်လည်းကောင်း၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၄x၈၅ လမ်းကြား၊ ၃၅ ×၃၆ လမ်းကြားရှိ ဒဟ္ဟတောဘုန်းကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊  စိန်ပန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ၃၇x၃၈ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်အား (၅၀) ဦးခန့်ဖြင့်လည်းကောင်း၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊  အဖွဲ့ဝင် (၁) ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့ဝင်(၂)ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃)ဦး မောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင်မောင်လတ်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဦးဇော်မင်း၊  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အငယ်တန်း အင်ဂျင်နီယာ ဦးနိုင်ထက်ဝင်း၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်လာသူများအနေဖြင့် ရပ်ကွက်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများတင်ပြပေးရန်  ဆွေးနွေးပြောကြားခြင်း၊ လာမည့် ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အား အကျဉ်းချုပ်ရှင်းလင်းပြောကြားခြင်း၊ မီးဘေး အန္တရာယ်ဂရုပြုရန် ပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များအား အသေးစိတ်ချပြရှင်းလင်းခြင်း၊ အဖွဲ့ဝင် (၃) မှ နိုင်ငံသားများ မှတ်ပုံတင်ပြုလုပ်ရေး၊ ပုံစံ(၆၆/၆)များပြုလုပ်ရေးဆွေးနွေးပြောကြားခြင်း၊ အဖွဲ့ဝင်(၁)မှ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်မည့် PR စနစ်နှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားခြင်း၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား ချပြရှင်းလင်းပြောကြားခဲ့ရာ  တက်ရောက်လာသည့်ပြည်သူများမှ  လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိ သူများမှ ရှင်းလင်းဖြေကြားခဲ့သည်။

အောင်ဇော်မင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)