နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇလောင်းကျေးရွာအုပ်စု တောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇလောင်းကျေးရွာအုပ်စု တောင်သူများနှင့် တွေ့ဆုံ



MNP - ဒီဇင်ဘာ  ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များဖြင့် အသေးစား အလတ်စား စာသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မိုင်တိုင် အမှတ် ၂၁၃/၃ ဖာလုံရှိ တောင်သူ ဦးကျော်စိုး၏ သရက်စိုက်ပျိုးရေးခြံ၌ ကျင်းပသည်။


 အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ဥတ္တရသီရိမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရေး မွေးမြူရေး ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး  မွေးမြူရေး အောင်မြင်ဖြစ်ထွန်းလာစေရေးနှင့် ဒေသထွက်ကုန်များအား ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်နိုင်ပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကာ ဒေသခံပြည်သူအလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ နည်းစနစ်များ မှန်ကန်စွာ အသုံးပြုကြစေလိုကြောင်း အမှာစကား ပြောကြားသည်။


ဆက်လက်၍ နေပြည်တော် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေသခံလုပ်ငန်းရှင် တောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)