(၇၅) နှစ်​မြောက် စိန်ရတု လွတ်လပ်ရေး​နေ့အား ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ဝါး​တောကြီး​ကျေးရွာ ကုန်ထုတ်လမ်း သစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်​မြောက် စိန်ရတု လွတ်လပ်ရေး​နေ့အား ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ဝါး​တောကြီး​ကျေးရွာ ကုန်ထုတ်လမ်း သစ်ဖွင့်ပွဲ ကျင်းပ





MNP -  ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၅) နှစ်​မြောက် စိန်ရတု ​လွတ်လပ်​ရေးနေ့အား ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ဝါး​တောကြီး​ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအား  ယမန်နေ့နံနက်ပိုင်းက ဝါး​တောကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။


ယင်းကုန်ထုတ်လမ်းအား မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၈:၃၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန့်ဇင်​ဝေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်နှင့် ထွန်း​တောက်လဝန်း ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးမောင်ဝင်းတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  ကြွ​ရောက်လာကြ​သော ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမ်းအရှည် ၇၇၈၁ ပေ ၊ အကျယ် ၁၂ ပေ ရှိ​သော ဝါး​တောကြီး​ကျေးရွာ ကုန်ထုတ်လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၉၃ ဒသမ ၀၁၉ သန်း ဖြင့် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)