စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ



MNP - ဒီဇင်ဘာ  ၁၇


တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း များ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာ လမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်း လမ်းလျှောက်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်‌ ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။


ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲအား   စစ်တွေမြို့ရှုခင်းသာ လမ်းတြိဂံလမ်းဆုံရှေ့မှ စတင်၍ ရှုခင်းသာလမ်းအတိုင်း၊ ထိုမှတစ်ဆင့် စစ်တွေကမ်းခြေသို့ ပျော်ရွှင်စွာ စုပေါင်း လမ်း လျှောက်ခဲ့ကြပြီး စစ်တွေကမ်းခြေသဲသောင်ပြင်၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ကြသည်။


ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်း သား၊ ကျောင်းသူများ၊ စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား (၅၀၀၀) ကျော်တို့ပါဝင်ဆင်နွှခဲ့ကြသည်။


စစ်တွေမြို့၌ ဒီဇင်ဘာလတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစား ပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)