၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တောင်ကုတ်တက္ကသိုလ်၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တောင်ကုတ်တက္ကသိုလ်၌ကျင်းပ




MNP  -  ဒီဇင်ဘာ ၃၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ တောင်ကုတ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်တက္ကသိုလ်ရှိ  ဘက်စုံသုံးအားကစားခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ(ဌာနမှူး)များ ၊ ပါမောက္ခများ ၊ တွဲဘက်ပါမောက္ခ(ဌာနမှူး)များ ၊ စီမံခန့်ခွဲရေးအရာရှိများနှင့် မောင်မယ်သစ်လွင်အားမိတ်ဆက်ပေးပြီးနောက် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ကအမှာစကားပြောကြားသည်။


ထို့‌နောက် ဒုတိယပါမောက္ခချုပ်(သင်တန်း) ၊ ဒေါက်တာ ချိုချိုလွင် က သင်တန်းရေးရာနှင့်ပတသက်၍ လည်းကောင်း ၊ ဝိဇ္ဇာဘာသာရပ်(ဌာနများ)၏ကိုယ်စား သိကောင်းစရာများကို ပထဝီဝင်ဌာန မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ စန်းစန်းခိုင် ကလည်းကောင်း ၊ သိပ္ပံဘာသာရပ်(ဌာနများ)၏ကိုယ်စား သိကောင်းစရာ များကို သတ္တဗေဒ ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိခိုင်ဝင်း က လည်းကောင်း ၊ တက္ကသိုလ် စာကြည့်တိုက် မှ လက်ထောက်စာကြည့်တိုက်မှူး ဒေါ်ဝင်းဝင်းရွှေ က စာကြည့်တိုက်နှင့်ပတ်သက်သည်များ ကိုရှင်းလင်းပြောကြားပြီးနောက် နိုင်ငံတော်အဆင့် ၊ ပြည်နယ်အဆင့်၊တက္ကသိုလ်အဆင့် ပထမဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်နှင့် ဒုတိယ ပါမောက္ခချုပ်များ ၊ ပါမောက္ခ(ဌာနမှူး)များ ၊ ပါမောက္ခများ ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များနှင့်စီမံအရာရှိများ နှင့်၂၀၂၂-ခုနှစ်အောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)