ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနိုးဆော်

 



MNP -  ဒီဇင်ဘာ ၂၉

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


    ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွ်င် ဗီဇပြောင်း မျိုးကွဲသစ်အဖြစ် ကူးစက်ပြန့်ပွားလျှက်ရှိရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း အကြိမ်ပြည့် ထိုးနှ့ကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း(mask)ကိုစနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် စသည့် အသိပေးနိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)