ပြည်ဖျက်မီဒီယာနှင့် သတင်းမှန် ပြန်ကြားရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာနှင့် သတင်းမှန် ပြန်ကြားရေး




NLD အစွန်းရောက်တွေ ဆူပူဆန္ဒပြမှုတွေ စတင်လုပ်ဆောင်ပါပြီဆိုကတည်းက အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေ၊ အင်္ဂလန်အစိုးရက ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေ အားလုံးဟာ သတင်းလိမ် သတင်းမှားတွေ ဖြန့်ချိပြီး မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပသြဇာခံ နိုင်ငံရေးနွားတွေကို လူသူတော်ကြီးတွေလို ဈာန်းတင်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ရတဲ့ တပ်မတော်ရဲ့ ပုံရိပ်ကို အမျိုးမျိုးဖျက်ဆီးခဲ့ကြတယ်။ 

ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ NLD ကို ဆန့်ကျင်ပြီး ရပ်တည်နေတယ်ဆိုတာက တပ်မတော်ကို တစ်ထောင့်တစ်နေရာကနေ ဝန်းရံတယ်ဆိုတာက တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်ဆိုတဲ့ ဆောင်ပုဒ်လေးကို ရွတ်ဆိုပြီး ဇာတိမာန်သီချင်းကို အားရပါးရ သီဆိုခွင့်ပြုသေးတယ်။ NLD ပြည်ဖျက်မိစ္ဆာတွေကတော့ဖြင့် အာဏာရပါပြီဆိုတာနဲ့ ဇာတိမာန်မလိုအပ်တော့ဘူး၊ အမျိုးသားရေးဆိုတာ အမြင်ကျဉ်းမြောင်းတာပဲဆိုတဲ့ အပြောတွေက နှစ်မြို့စရာ မရှိဘူး။ အမျိုးသားရေးအတွက် တပ်မတော်နဲ့ လက်တွဲလို့ရတယ်။ အရေးကြုံရင် အားကိုးလို့ရတယ်။ NLD ပြည်ဖျက်မိစ္ဆာတွေကတော့ဖြင့် ဘယ်နေရာမှ အားကိုးလို့ မရနိုင်တော့တာကို သိတဲ့အတွက် NLD ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမျိုးသားရေးဆိုတာ လေပဲစိုက်တဲ့ အမျိုးသားရေး၊ လမ်းပေါ်ထွက်အော်တဲ့ အမျိုးသားရေး ဘယ်သူမှ အထင်ကြီးစရာ မရှိဘူး။ တပ်မတော်သားတွေက အမျိုးသားရေးလို့ မအော်ဘဲနဲ့ တစ်မျိုးသားလုံးအတွက် အရေးကြုံလာရင် ရှေ့တန်းက သေပွဲဝင်ရမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို လေးနက်တဲ့ အမြင်နဲ့ တပ်မတော်သားတိုင်းကို လေးစားချစ်ခင်တတ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့တယ်။ တပ်မတော်သားတိုင်းကို ငါတို့ထပ်ပိုပြီး အမျိုးကို ချစ်တဲ့သူတွေလို့ သတ်မှတ်ပြီး လေးစားတယ်။ ဒါကြောင့်လည်း NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေ အာဏာလက်မဲ့ဖြစ်ပြီး လိုအပ်တဲ့ တစ်ထောင့်တစ်နေရာကနေ အမှန်တရားအတွက် ရပ်တည်တယ်။

ကျွန်တော် ရေးတဲ့စာကို လူဆယ်ယောက်ပဲတွေ့မယ်။ ကျေနပ်တယ်။ ကျွန်တော် လုပ်ကြံဖန်တီးပြီး ရေးသားတင်ပြခြင်း မဟုတ်ဘူး။ ပြည်ဖျက်မီဒီယာတွေက ထုတ်လွှင့်နေတဲ့ရုပ်သံတွေ၊ သတင်းတွေ တောရော၊ မြို့ပါ မကျန် ပြည်သူတစ်ရပ်လုံးကို လွှမ်းမိုးနိုင်တယ်။ ငွေအင်အား၊ လူအင်အား၊ နည်းပညာ အစစအရာရာ သာတယ်။ အဲဒီတော့ ပြည်သူအများစုဟာ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေသမျှကို အဟုတ်ထင်ကြတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ နောက်ကို လိုက်ပါပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် သံဃာတော်တွေကိုသတ်၊ ဆရာ/ဆရာမတွေကိုသတ် လက်မရွံ့ အကြမ်းဖက်သမားတွေ ဖြစ်လာကြတယ်။

မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ NLD လမ်းဘေးရောက် နစက အစိုးရတက်လာပြီးနောက်ပိုင်း သတင်းမှန်ပြန်ကြားရေးဖွဲ့တယ်။ သတင်းစာရှင်းလင်းပွဲတွေ မကြာခဏ လုပ်တယ်။ ပုံမှန် တက်ဖြစ်တယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ အဆုံးမဲ့ ယုတ်မာရိုင်းစိုင်းနေမှုတွေကို ဖော်ထုတ် ပြောဆိုတယ်။ Attention ရှာနေတာမဟုတ်ဘူး။ ပြည်ဖျက်မိစ္ဆာတွေနဲ့ တသားတည်းဖြစ်နေတဲ့ အနုပညာရှင်တွေရဲ့ မုန်းတီးခြင်းကိုလည်း ခံရတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ မှိုင်းမိနေတဲ့ ပြည်သူတွေရဲ့ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံရတယ်။ 

NLD အစိုးရလက်ထက်မှာ ကျုပ်တို့တတွေဟာ အမျိုးသားရေး အော်လွန်းလို့ ထောင်ထဲထည့်ခံရတယ်။ ထောင်ထဲမှာ စဉ်းစားတာ NLD ကို စဉ်ဆက်မပြတ် ဘယ်လို တိုက်နိုင်မလဲ။ အမျိုးသားရေးလမ်းကြောင်းပေါ်က တိုက်မလား၊ မီဒီယာလမ်းကြောင်းက တိုက်မလား။ မီဒီယာလမ်းကြောင်းကနေ တိုက်လို့ရသလောက် တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Myanmar National Post ကို ထောင်က ထွက်လာပြီးမှ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ NLD အစိုးရကို တိုက်ဖို့ NLD အစိုးရလက်ထက်မှာ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပါတယ်။ တရားမဝင် ရေးသားပြောဆိုနေခြင်းထက် တရားဝင် တိုက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ အချိန်က ပြည်ဖျက်မီဒီယာတွေရဲ့ အားက ဒီထက်ပိုကောင်းတာပေါ့။ ပြည်ပအထောက်အပံ့လည်းရတယ်။ ပြည်ဖျက်အစိုးရနဲ့ တသားတည်းရပ်တည်တဲ့အတွက် အစိုးရရဲ့ အထောက်အပံ့လည်း ရတယ်။ ကျုပ်တို့ မီဒီယာတွေကို မီဒီယာလို့တောင် အသိအမှတ်မပြုပါဘူး။ ကိုဗစ်ကာလ မီဒီယာတွေကို ထောက်ပံ့လို့လည်း ကျွန်တော်တို့လို မီဒီယာတွေ စာရင်းထဲ မပါခဲ့ပါဘူး။ 

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ လမ်းဘေးရောက်သွားတော့ ပျော်တာပေါ့။ ပြည်ဖျက်မိစ္ဆာတွေကို တပ်မတော်က မဖယ်ရှားခဲ့ဘူး။ အခြားသော အတိုက်အခံ အင်အားစုတွေက တိုက်မယ်ဆိုရင်လည်း တိုက်တဲ့သူတွေဘက်ကပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ 

နစက အစိုးရဲ့ သတင်းမှန်ပြန်ကြားရေးမှာ သတင်းဌာနများနဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ချိတ်ဆက်ထားတဲ့ channel ရှိတယ်။ အဲဒီအထဲမှာ အထင်ကရ ပြည်ဖျက်မီဒီယာတွေလည်း ပါနေတယ်။ အဲဒီ သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို စိစစ်ကြည့်လိုက်ရင် လုပ်ကြံဖန်တီးရေးသားဖို့ သတင်းနှိုက်နေတဲ့ သဘောကို တွေ့ရတယ်။ ဒါကို တာဝန်ရှိသူများကလည်း သိမှာပဲဖြစ်ပါတယ်။ သို့သော် ပြည်ဖျက်မီဒီယာတွေရဲ့ အမေးကို အချိန်နဲ့တပြေးညီ ဖြေကြားပေးတယ်။ ပြည်ဖျက်မီဒီယာတွေက ပြန်လည်ရေးသေားဖော်ပြတဲ့အခါကြတော့ လိမ်ညာပြီး ဖြေကြားတဲ့သဘော၊ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ဖြေကြားတဲ့ သဘော သက်ရောက်အောင် ရေးသားဖော်ပြကြတယ်။ 

အထင်ကရ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ BBC သတင်းဌာနက "ရင်ပေါင်တိုင်ရွာမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကဖြစ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း   အသက် ၁၁ နှစ် အရွယ်လေးတန်းကျောင်းသူ မခိုင်ခိုင်ဝင်း သေဆုံးခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ မခိုင်ခိုင်ဝင်းရဲ့မိဘတွေက သူတို့ကလေးငယ် လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးရတဲ့ မျက်မြင်အခြေအနေတွေကို ပြောကြားတာတွေရှိပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားလိုတာရှိပါသလား။" ဆိုတဲ့ မေးခွန်းကို မေးတယ်။

မေးတဲ့သဘောကတော့ အတည်ပြုချက် ယူတာမဟုတ်ဘူး။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးရပါတယ်ဆိုပြီး သတင်းမှိုင်းတိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းမှန် ပြန်ကြားရေး က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင် ကျေးရွာမှာ KIA, PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က ကျေးရွာအတွင်း ရောက်ရှိခိုအောင်း အခြေပြုနေထိုင်ပြီး ကျေးရွာအတွင်းမှ လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများကို အကာအကွယ်ယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့တဲ့ အခြေအနေကို ပြန်လည်ဖြေကြားထားတာ တွေ့ရပါတယ်။

အဲဒီလို သတင်းမျိုးကို ပြည်ဖျက်မီဒီယာရဲ့ သတင်းစာမျက်နှာတွေမှာ အကျယ်တဝင့် ရေးသားဖော်ပြတာမျိုး ရှိပါသလား ဆိုရင် မရှိပါဘူး။ မရေးပါဘူး။ အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ KIA, PDF အပေါ် အများပြည်သူက မလိုမုန်းထားဖြစ်စေမယ့် အမှန်တရားတွေကို ဘယ်တော့မှ မရေးပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြတော့မှာ စိုးလို့ပါပဲ။

KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ ဆိုးသွမ်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA, PDF ပြည်ဖျက်မိစ္ဆာတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာ ကလေးငယ်တွေ ထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်ပေါင်းများစွာ ရှိပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ ကလေးငယ်တွေ ထိခိုက်ခဲ့ရတယ်။ ကွမ်းယာဆိုင်အနီးမှာ ဖောက်ခွဲခဲ့လို့ ကလေးငယ်တစ်ဦး ထိခိက်ခဲ့ရတယ်။ KIA, PDF အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ကိုရင်ငယ်လေးတွေ သေဆုံး၊ ဒုက္ခိတဖြစ်ခဲ့ရတာတွေလည်း ရှိပါတယ်။ 

BBC သတင်းဌာနအနေနဲ့ မီဒီယာပီသစွာ ရပ်တည်တယ်ဆိုရင် တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးရတဲ့ ကလေးငယ်အတွက် တပ်မတော်မှာရော အကြမ်းဖက်အဖွဲ့များဘက်မှာပါ တာဝန်ရှိတယ်ဆိုတာကို သိရှိနားလည်ရပါမယ်။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ဆူပူဆန္ဒပြမှုတွေမှာ ကလေးငယ်တွေကို အသုံးချနေတာ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု၊ မိုင်းထောင်ဖောက်ခွဲတဲ့ လုပ်ရပ်တွေမှာ အရွယ်မရောက်သေးတဲ့ လူငယ်တွေကို အသုံးချနေတာတွေကို BBC အနေနဲ့ ဘာကြောင့် ဟိုက်လိုက်လုပ် မရေးခဲ့တာပါလဲ။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ သတ်ဖြတ်မှုကြောင့် ကလေးငယ်တွေ သေဆုံးရတာ သတင်းမဖြစ်တော့ဘူးလား။ NLD ရဲ့ မဲလိမ်မဲခိုးမှုတွေက သတင်းမဖြစ်ဘဲ တပ်မတော်အာဏာသိမ်းတာပဲ သတင်းဖြစ်သလား။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေက သတင်းမဖြစ်ဘဲ  တပ်မတော်က အကြမ်းဖက်သမားတွေကို နှိမ်နင်းတော့မှ စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်ရောလား။

အားရ ပါးရ ပြည်ဖျက်နိုင်ကြပါစေ။ အားရ ပါးရ မှိုင်းတိုက်နိုင်ကြပါစေ။ အားရ ပါးရ သွေးခွဲနိုင်ကြပါစေ။ ပြည်ပနိုင်ငံများက ပေးတဲ့ လစာကို စားပြီး ပြည်သူအချင်းချင်း သွေးခွဲ ရန်တိုက် ပြည်သူပေါင်းများစွာရဲ့ အသက်တွေကို ချနင်းပြီး ကြီးပွားချမ်းသာကြပါစေ။ ပြည့်စုံကြွယ်ဝကြပါစေလို့ မေတ္တာပို့သပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)