မာန်အောင်မြို့နယ်တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ၃နာရီကမြို့မ အားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးက အဖွင့် အမှာစကားပြောကြားရာတွင်မြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်း(၆)သင်းတွင်ဘောလုံး အားကစားသမား(၁၂၀)ဦးပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့ အတွက်မိမိတို့ရဲ့အရည်အချင်းကိုပြသခွင့်ရတဲ့ပြိုင်ပွဲဖြစ်ပါကြောင်း၊အားကစားသမားများအနေဖြင့် စည်ကမ်းစနစ်တကျ ယှဉ်ပြိုင်ကစားမှသာ ပြည်သူလူထုရဲ့ အားပေးမှုဆိုတာရှိလာမည်ဖြစ်တဲ့ အတွက်စည်းကမ်းရှိစွာကစားကြစေ

လိုကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသမားများ၏သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ပြီးပြိုင်ပွဲပထမနေ့အဖြစ်ဌာနပေါင်းစုံ(၁)အသင်းနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ တက်ရောက် အားပေးခဲ့ကြသည်။ယင်းဘောလုံးအသင်း(၆)သင်းပါဝင်သည့်ဘောလုံးပြိုင်ပွဲအား ဒီဇင်ဘာလ(၁၄)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းအား(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)