ရသေ့တောင် မြို့လူထုအခြေပြုဗဟိုဌာန၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့လူထုအခြေပြုဗဟိုဌာန၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ


MNP  -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ  ရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ယနေ့ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက မြို့မအထက(၂)မှမူလတန်း အဆင့်ကျောင်းသားကျောင်းသူများနှင့် ပြုလုပ် ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကအဖွင့်အမှာစကား ပြောကြားပြီး   ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုကျောင်းသား/သူများအစဉ်အမြဲအောက်မေ့သတိရစေရန်ရည်ရွယ်ချက်များဖြင့်ကျင်းပရခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကြိုးပမ်းမှုများ၊လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် လွတ်လပ်ရေး ကို တန်ဖိုးထားမြတ်နိုးတတ်စေရန်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲသို့ကျောင်းသား၊ကျောင်းသူ(၃၀)ဦးခန့်တက်ရောက်ခဲ့သည်။


  ရသေ့တောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟု သုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများဆောင်ရွက် ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ကာယဥာဏပြပွဲ/ ပြိုင်ပွဲများကို  အခါအားလျော်စွာ  ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)