MNP ၊ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၁)ရပ်ကွက်၊ အောက်ဝဲရပ်ရှိ ဧစေတီမြတ်စွာဘုရားဝင်း အတွင်း/အပြင် တို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၃၀၀)ဦး တို့က ဧစေတီမြတ်စွာဘုရား၏ ဘုရားစေတီတော်မြတ်နှင့် ဘုရားရင်ပြင်တို့အား သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ဘုရားပုရဝုဏ် အတွင်းအပြင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား ဧရာဝတီမြစ်ကမ်းပါးတွင် မီးရှို့ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment