မိုးနဲမြို့နယ်၌ ဆီထွက် မုန်ညင်းစိုက်ခင်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ များပြားလာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးနဲမြို့နယ်၌ ဆီထွက် မုန်ညင်းစိုက်ခင်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ များပြားလာ

87

88


MNP  -   ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ ‌လယ်စိုက်တောင်သူ အများအပြား ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် ပြောင်းများ စိုက်ပျိုးရိတ်သိမ်းပြီးနောက် ဆီထွက် မုန်ညင်း စိုက်ခင်းများကို ထပ်မံပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။


ခိုတိဝိုးကျေးရွာနေ တောင်သူအများအပြား နှစ်စဉ် ပြောင်း၊ ပဲပုတ် ကိုသာ အဓိကထားစိုက်ပျိုးကြရာ ယခုနောက်ပိုင်းတွင် မုန်ညင်း၊ မြေပဲနှင့် နေကြာစိုက်ခင်းများကိုပါ စိုက်ပျိုးလာကြကြောင်း၊ ဆီထွက် မုန်ညင်းများ စိုက်ပျိုးရာတွင် ကိုယ်ပိုင်ထွန်စက်ငယ်ဖြင့် ထွန်ယက်ကာ မိသားစုနှင့်အတူ စိုက်ပျိုးထားကြောင်း၊ ဆီထွက် မုန်ညင်း စိုက်ခင်းများကို (၄)လကြာ စိုက်ပျိုးရကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင်လည်း အစေ့ထုတ်၍ ဆီကြိတ်ရောင်းချ နိုင်ကြောင်း၊ မိသားစု စားသုံးဆီဖူလုံရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် အဓိကထား စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၂) ပတ်ကြာချိန်တွင် မြေဆွကာ ပုလဲမြေဩဇာကို ပက်ဖျန်းပေးကြကြောင်း ဆီထွက် မုန်ညင်း စိုက်ပျိုးထားသည့် တောင်သူတစ်ဦးထံမှ သိရသည်။


ဇင်ကိုကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages