MNP ၊ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် နှင့်အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ‘ ပညာရေးဖြင့် ခေတ်တိုးတက်သော ရခိုင်ပြည်ကြီးကို တည်ဆောက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းပန်းချီပြိုင်ပွဲကို ‘သာစွဌာနေ ရခိုင်ပြည်နယ်” ခေါင်းစဉ်ဖြင့်လည်းကောင်းယှဉ်ပြိုင်ကြပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကို ‘ရခိုင်ပြည်နယ်တိုးတက်ရေးနှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့်၌ ‘ရခိုင်ပြည်နယ်သာယာဖို့ ဒို့တွေအားလုံးကြိုးပမ်းစို့” ခေါင်းစဉ်တို့ဖြင့် ကျင်းပပြုလုပ်ရာ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ (၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် စာစီစကုံးပြိုင်တွင် အလယ်တန်းနှင့်အထက်တန်းအဆင့်မှ ကျောင်းသားကျောင်းသူ (၂၉)ဦးဝင်ရောက် ဖြေဆိုယှဉ်ကြသည်။
ထို့သို့ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို လာမည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment