ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဆင်နွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဆင်နွဲ

 



MNP   -   ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်အားကစားနှင့်ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မနာရီ စင်ခွဆုံစုရပ်မှ စတင်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၁၀၀)ဦးခန့်  တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မနာရီစင်ခွဆုံ စုရပ်မှ စတင်ကာ လမ်းမကြီးတစ်လျှောက် မြို့ဝင်မုဒ်ဦး အနီးအနားထိလည်းကောင်း၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ  အားကစားကွင်းအတွင်း “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်အတိုင်း (Fitness Dance) အကလေ့ကျင့်ခန်းများ တစ်ပျော်တစ်ပါး စုပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထောက်ပံ့သော  မြို့နယ်ပညာရေးဦးစီးဌာနအား ထောက်ပံ့ငွေ တစ်သိန်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ် ၅၀ ဒါဇင်၊ ဘောပင် (၁၅၀)ချောင်းနှင့်  ထောက်ပံ့ငွေ တစ်သိန်းခွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များက တာဝန်ရှိသူများထံသို့ အသီးသီးထောက်ပံ့ပေးခဲ့ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)