းပညာတက္ကသိုလ်(မန္တလေး)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

းပညာတက္ကသိုလ်(မန္တလေး)၌ လူငယ်စကားဝိုင်းကျင်းပ



MNP -  ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိပြီး၊ ဘက်စုံထူးချွန်ထက်မြတ်သူများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီကအဆိုပါ တက္ကသိုလ်ဘွဲ့နှင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ က အဖွင့်အမှာစကားပြောကြားပြီး၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာနှစ်သစ်ရှိန်က အမှာစကားဆက်လက်ပြောကြားကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများမှ EC ပထမနှစ်မှ မမိုးဖြူစင်မောင်က အားကစားနှင့် အပန်းဖြေခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Civil တတိယနှစ် မူးယစ်ဆေးဝါးနှင့် အန္တရာယ်၊ IT ပထမနှစ် မောင်ဇွဲထက်နိုင်က စာအုပ်စာပေနှင့် လူ့မိတ်ဆွေ၊ Archi ပထမနှစ် မခင်ချောမြတ်နွယ်က သိပ္ပံနှင့် နည်းပညာအကြောင်း၊ EP ပဥ္စမနှစ် မဆုဝေဝေဇော်က အလုပ်အကိုင်နှင့် အခွင့်အလမ်းအကြောင်းကို လည်းကောင်း၊ Mech ဆဋ္ဌမနှစ် မောင်အောင်သူရဇော်က အင်ဂျင်နီယာနှင့် ကျင့်ဝတ်ခေါင်းစဥ်အသီးသီးတို့ကို ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ မေဂျာပေါင်းစုံမှကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဇာနည်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)