ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


MNP  -  ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခြင်းကို ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က မိမိတို့၏ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊  မြို့နယ်ရဲမှူး ဦးသက်နိုင်ဦးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန်၊ ရပ်မိရပ်ဖများမှလည်း တာ၀န်သိပြည်သူများအနေနှင့် ဝိုင်း၀န်းပူးပေါင်းပါ၀င်ကြရန် အသိပေး နှိုးဆော်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာတင်မြင့်ဦးက မြို့နယ်ဆေးရုံ၏ ဝန်ဆောင်မှုများ၊ အားသာချက်အာနည်းချက်များနှင့် ကူးစပ်ရောဂါများ ဖြစ်ပွာလာပါက ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများအား ဆွေးနွေးဟောပြောခဲ့သည်။

တွေ့ဆုံပွဲသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အား/ကာဦးစီဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ သွေးလှူရှင်အသင်း၊ မြို့နယ်နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌနှင့် အသင်းဝင်များ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)