ဘူးသီးတောင်မြို့၌ကျွဲ၊နွား၊မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ကျွဲ၊နွား၊မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ




MNP -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှကြီးမှုကျင်းပသောကျွဲ၊နွား၊မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ( ၁၀)နာရီအချိန်ကအဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာဘူးသီးတောင်မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ခင်သန်းမှကျွဲ၊နွား၊မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ဘူးသီးတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံဖြိုးတိုးတက်ရေအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိပကြောင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ယ္ခုအခါသမားရိုးကျမွေး မြူရေးစနစ်မှသိပ္ပံနည်းကျမွေးမြူရေးစနစ်သို့ပြောင်းလဲမွေးမြူလာကြသောကြောင့်တိရိစ္ဆာန်အစာပင်စိုက်ပျိုးရေးဟာလည်းအရေးကြီးပါကြောင်းဘူးသီးတောင်မြို့နယ်သပိတ်တောင်ကျေးရွာတွင်၂၀၂၂ ခုနှစ်ဇွန်လကတ္တိရစ္ဆာန်အစားပင်( နေဗီယာ)တစ်ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းနောင်နှစ်မိုးရာသီမှာလည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊နွားမွေးတောင်သူများအနေဖြင့်လည်း ( နေဗီယာ)မြက်မျိုးကိုစိုက်ပျိုးရာသီတွင်ဘူးသီးတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင်လာရောက်တောင်းယူနိုင်ပါကြောင်းအဖွင့်အမှာစကားပြောကြား သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊သင်တန်းသား/ သူ စုစုပေါင်း ( ၃၈)ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကိုဒီဇင်ဘာလ( ၂၇)ရက်နေ့မှ( ၂၈)ရက်နေ့ထိ( ၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်သင်တန်းသား/ သူ( ၃၀) ဦးတက်ရောက်သင်ကြားမည်ဖြစ်

ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)