ထားဝယ်မြို့တွင်မီးဘေးအန္တရာယ်ဆိုင်ရာသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်မီးဘေးအန္တရာယ်ဆိုင်ရာသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်






MNP -  ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေး အန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့်အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများတုံ့ပြန် ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့၊ဆရာ/မများနှင့်ကျောင်းသား/သူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတရရှိစေရန်၊ သဘာဝဘေး အမှန်တကယ်ကြုံ တွေ့ရသည့်အခါ စနစ်တကျရင်ဆိုင်တုံ့ပြန်တတ်စေရန်၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကြိုတင်သတိပေးခြင်းအတွက် အားနည်း ချက်/အားသားချက်များအား သိရှိဖော်ထုတ်ဖြည့်စွက်ဆောင်ရွက်နိုင်စေရန်၊ စာသင်ကျောင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။


အဆိုပါဇာတ်တိုက်လေ့ကျင့်နေရာသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသ ကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ကျော်၊တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက် ကြည်ရှုအားပေးခဲ့ကြသည်။


ဇာတ်တိုက်လေ့ကျင့်ရာတွင်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များတို့က မီးငြှိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျှင်အမြန် ရောက်ရှိနေရာယူကြပြီး အဆောက်အဦ အားမီးငြိမ်းသတ်ခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ကယ်ဆယ် ခြင်းလုပ်ငန်းများကို လျှင်မြန်စွာ ပြင်ဆင် ဆောင်ရွက်ခဲ့ကြသည်။                      


ထိုနောက်မီးလောင်ပြီးသည့် နက်တစ်ပြိုင်နက်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအားလိုက်လံ ရှာဖွေပြီးရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျှင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။


ဆက်လက်၍ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ် လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွအသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီးကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခြင်း နှင့်မိဘများထံစနစ် တကျလွှဲပြောင်းပေးခြင်း တို့ကိုအချိန်တိုအတွင်း အလျအမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)