အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်




ထားဝယ်         ဒီဇင်ဘာ    ၁၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအသက်(၁၈)နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်မှ (၂၇)ရက်ထိနေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့်အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးလက်ရွေးစင် ရွေးချယ်နိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်သည် အစဉ်အလာကြီးမားသော ပွဲတော်တစ်ခုဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်(၁၃)နှစ်ကြာရပ်နားထားခဲ့သော ကျောင်းသားအားကစားပွဲတော်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာပထမအကြိမ်၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ဒုတိယအကြိမ်ပြုလုပ်ခဲ့ကြောင်း၊     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားအားကစားပွဲတော်အား ပြန်လည်ကျင်းပခဲ့သည့်အတွက်  တိုင်းဒေသကြီးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာအားကစားစွမ်းဆောင်ရည် အမြင့်မားဆုံးဒိုင်းဆုနှင့် အမျိုးသား၊ အမျိုးသမီးပြေး၊ ခုန်၊ ပစ်တံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးဘောလုံးရွှေတံဆိပ်ဆုများကို ရရှိခဲ့သောကြောင့် တနင်္သာရီတိုင်းဒေသကြီး၏ အားကစားကဏ္ဍတိုးတက်မြင့်မားလာကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်ကစားသမားတွေကို စုစည်းလေ့ကျင့်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့်(၁၂)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မျိုးဆက်သစ်အားကစားသမားများအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရှိရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားမောင်မယ်များအနေဖြင့် ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံပြီး တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ကိုသာမက နိုင်ငံတော်ဂုဏ်သိက္ခာကိုပါ မြင့်မားလာအောင် ဆောင်ရွက်နိုင်သော လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထိုနောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာသည်။


အခမ်အးနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များတက်ရောက်ပြီး တိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို ဒီဇင်ဘာ(၂၅)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)