မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၅၀ ထိတင်ပို့ရန်လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၅၀ ထိတင်ပို့ရန်လျာထား



MNP ၊ ဒီဇင်ဘာ ၂၇

မလေးရှားနိုင်ငံသို့ ယခုနှစ်ထောပတ်သီးရာသီအတွင်း မြန်မာ့ ထောပတ်သီးတန်ချိန် ၅၀ ထိတင်ပို့ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ထွေထွေအတွင်းရေးမှူးထံမှ သိရသည်။


မလေးရှားနိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တင်ပို့ခြင်းကို နိုဝင်ဘာလ ပထမပတ်မှစတင် တင်ပို့နေခြင်းဖြစ်ပြီး ယခုနှစ်ထောပတ်သီးရာသီမကုန်မီ တန်ချိန် ၅၀ထိ တင်ပို့နိုင်ရန်လျာထားဆောင်ရွက်နေကြောင်း သိရသည်။


“ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်ကစပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ထောပတ်သီးစတင် တင်ပို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံကို တင်ပို့မှု ခေတ္တရပ်နားထားပြီး မလေးရှားနိုင်ငံကိုတော့ ဆက်လက် တင်ပို့နေပါတယ်။ လတ်တလော မလေးရှားနိုင်ငံကို ထောပတ်သီး ၄၅ တန်လောက်ထိ တင်ပို့ထားပြီးဖြစ်ပါတယ်။ တင်ပို့ရာမှာ ထောပတ်သီး တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဒေါ်လာလောက် ရရှိနေပါတယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO)  အထွေထွေအတွင်းရေးမှူးက ပြောပြသည်။


ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ထောပတ်သီး နမူနာများကို ပြင်သစ်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ စမ်းသပ်တင်ပို့လျက်ရှိပြီး ထိုင်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုက မြန်မာ့ထောပတ်သီးများကို ဝယ်လိုအားရှိနေသော်လည်း အရည်အသွေးဆိုင်ရာ လက်မှတ်များရယူရန် ရှိနေသည့်အတွက် တင်ပို့မှု ခေတ္တဆိုင်ငံ့ထားကြောင်း သိရသည်။


ပြည်ပသို့တင်ပို့နေသည့် မြန်မာ့ထောပတ်သီး Hass အမျိုးအစားမှာ နှစ်စဉ်တန်ချိန် ၃၀၀ နှင့် ၅၀၀ ကြား ထွက်ရှိပြီး ထောပတ်သီးများသည် အောက်တိုဘာလမှ ဇန်နဝါရီလထိ ထွက်ရှိကြောင်း၊ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တွင် အများဆုံးစိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)